Tuesday, January 15, 2013

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်ဘူတာနှင့် နဘားဘူတာကြား ရထားသံတံတားတစ်ခု မိုင်းခွဲခံရ

PDF Print
Monday, 14 January 2013 19:19
AddThis Social Bookmark Button

မိုင်းခွဲမှုကြောင့် ပျက်စီးသွားသော တံတားညီနောင်အား တွေ့ရစဉ် (ဓါတ်ပုံ-စိုးစံ-အင်းတော်)
ဇန်န၀ါရီလ ၁၄ ရက်နေ့ ည ၈နာရီ ၇မိနစ် အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၊ အင်းတော်ဘူတာနှင့် နဘားကြားဘူတာကြား တံတားအမှတ် (၃၄၆)ပေ (၂၀၀)ရှည် စော်မှော်ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသော  နဘားချောင်းတံတား ဒေသအခေါ် တံတားညီနောင်တံတားကို ကေအိုင်အေ မှ  မိုင်းခွဲခံရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
မိုင်းခွဲမှုကြောင့် ပျက်စီးသွားသော တံတားညီနောင်အား တွေ့ရစဉ် (ဓါတ်ပုံ-စိုးစံ-အင်းတော်)
အဆိုပါမိုင်း ပေါက်ကွဲမှုကြောင့် နဘား-ကသာလမ်းပိုင်း ဒုတိယတံတားတိုင် ကွဲအက်ပြီး သံဘောင်(၆)လက်မခန့် နိမ့်ကျကာဇလီဖားတုံးများ မီးလောင်ကျွမ်းသွားခဲ့သည်။
'' ပေါက်ကွဲသံကတော့ တော်တော်ကိုပြင်းတယ်။ ကြမ်းကြားထဲက ညပ်နေတဲ့ဖုံတောင် ခုန်ထွက်လာတာ။ နှလုံးခုန်တာ အခုထိတောင် မပြေနိုင်သေးဘူး။ ကျွန်တော်တို့ မီးရထားဝန်ထမ်းတွေလည်း ကျီးလန့်စာစား ဖြစ်နေတယ်။မွေးမြူရေး ကြက်တွေတောင် လန့်သေတယ်။ မီးရထားစီးတဲ့လူတွေတင်မကဘူး၊ မြို့ပေါ်ကလူတွေလည်း ခပ်လန့်လန့်ဖြစ်နေတယ်။ တံတားကတော့ တော်တော်ပျက်စီးသွားတာ ဒီနေ့ညနေ ၂နာရီ ၀န်းကျင်မှာ လမ်းပြန်ဖွင့်ဖို့ ခန့်မှန်းထားပါတယ်''ဟု နဘားဘူတာမှ မီးရထားဝန်ထမ်းတစ်ဦးက ဇန်န၀ါရီလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီ အချိန်က ပြောကြားခဲ့သည်။
မိုင်းခွဲခံရသော တံတားသည် နဘားဘူတာအထွက် အလံတိုင်အနီးတွင် တည်ရှိပြီး နဘား-ကသာ မီးရထားလမ်းပိုင်းနှင့် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတို့ ဘုံတတားအဖြစ် စုပေါင်း အသုံးပြုနေသော တံတားတစ်ခုဖြစ်ပြီး ဒေသအခေါ် တံတားညီနောင်ဟု ခေါ်ကြသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုသည် ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အစည်းနှင့် တပ်မတော်တို့ကြား ငြိမ်းချမ်းရေးပျက်ပြယ်ပြီး မီးရထားလမ်းပိုင်းတွင်(၇၃) ကြိမ်မြောက် မိုင်းပေါက်ကွဲမှုဖြစ်ကာ စစ်ကိုင်းတိုင်းအတွင်း (၃)ကြိမ်မြောက် ပေါက်ကွဲမှုလည်းဖြစ်သည်။
16-1-5
16-1-616-1-5
မိုင်းခွဲမှုကြောင့် ပျက်စီးသွားသော တံတားညီနောင်အား တွေ့ရစဉ် (ဓါတ်ပုံ-စိုးစံ-အင်းတော်)

No comments:

Post a Comment