တရုတ် K-8 ဂျက်တိုက်လေယာဉ်မှ Bum Re Bum KIA စခန်းကို တိုက်ခိုက်နေပုံ။ ပုံ-KNG ကချင်သတင်းဌာန |
စစ်ရေးလေ့ကျင့်နေတဲ့ KIA စစ်သားမျ။ ပုံ-KNG ကချင်သတင်းဌာန |
အစိုးရတပ်ပေါင်းစုသည် ဘွမ်ရေဘွမ်မှ ဆင်းလာပြီး ခြေလျင်ဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ သေဆုံးမှု များလာသောကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ ဂျက်လေယာဉ်၂ စင်းရောက်ရှိလာကာ ဗုံးကျဲတိုက်ခိုက်ကူပေးခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ပွဲများပြင်းထန်ခဲ့ပြီး မြေပြင်တိုက်ပွဲအတွင်း အစိုးရတပ်၏ သေနတ် ၁၀ လက် ကို KIA တပ်မှ ရရှိထားကြောင်း အရာရှိပြောသည်။ KIO တပ်ဖက်တွင်လည်း ထိခိုက်ဒဏ်ရာရရှိ ကြောင်းပြောသည်။
တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဇန်န၀ါရီ ၁၄ ရက် ည ၁၁ နာရီအချိန်တွင် အစိုးရအမြောက်တပ်မှ လက်နက်ကြီးဖြင့် လိုင်ဇာမြို့တွင်းသို့ ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာမရှိသော်လည်း ယခုချိန် လိုင်ဇာဒေသခံများသည် စိုးရိမ်ပူပန်မှုများဖြင့် မိမိလုံခြုံမည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံတဦးပြောသည်။
“ကျနော်တို့အိမ်နေတဲ့ နေရာနားမှာ လာကျသလိုလိုဘဲ အသံကအကျယ်တယ်။ ၂ ကြိမ်ပစ်တယ်။ ကျနော်တို့တောင် ညနက်ကြီးမှာ စောင်ဆွဲပြီးထွက်ပြေးရတယ်။ ကြောက်လဲအရမ်းကြောက်တယ်။ အိမ်တောင်မအိပ်လိုက်ဘူး။” ဟုဆိုသည်။
ယခုချိန်မြန်မာအစိုးရတပ်များသည် ကချင်လွတ်လပ်ရေးတပ် ရှိရာသို့သာပစ်ခတ်ခြင်းမဟုတ် ကြည်းကြောင်း၊ လေကြောင်းများဖြင့် လိုင်ဇာမြို့သို့လည်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဇန်န၀ါရီလ ၁၅ ရက်နေ့က လက်ကြီးကျခဲ့လို့ လူ ၃ ယောက်သေပြီး ၄ ယောက်ဒဏ်ရာရခဲ့လို့ ဒေသခံတွေ ပိုမိုစိုးရိမ်နေကြသည်။
No comments:
Post a Comment